DHAMMA LULINဓမ္မလုလင်
တရားစခန်း

မဂ်မကျမီ စက္ကန့်ပိုင်းအလို စိတ်အလုပ်လုပ်ပုံနှင့် ဝိပဿနာဉာဏ်စဉ် အဆင့်ဆင့်

July 16, 2026

ဒီဗီဒီယိုလေးမှာတော့ သံသရာဝဋ်ဆင်းရဲကနေ လွတ်မြောက်စေနိုင်တဲ့ အထွတ်အထိပ် "မဂ်ဉာဏ် ဖိုလ်ဉာဏ်" ဆိုက်ရောက်ပုံ အဆင့်ဆင့်ကို အဘိဓမ္မာသဘောတရားများ၊ ဥပမာများနှင့်တကွ ရှင်းလင်းဟောကြားထားပါတယ်။ ပုထုဇဉ်ဘဝမှ အရိယာဘဝသို့ ကူးပြောင်းသွား

ထို့အပြင် ကျွန်ုပ်တို့ကို သံသရာထဲတွင် တဝဲလည်လည် ဖြစ်စေသော "ပဋိစ္စသမုပ္ပါဒ်" စက်ဝိုင်းကြီး လည်ပတ်ပုံနှင့် ထိုစက်ဝိုင်းကို ဝိပဿနာဉာဏ်ဖြင့် လက်တွေ့ မည်သို့ ဖြတ်တောက်ရမည်ကိုလည်း အသေးစိတ် ဆွေးနွေးထားပါတယ်။

အထူးသဖြင့် ယောဂီများအတွက် လက်တွေ့ တရားအားထုတ်ရာတွင် ကြုံတွေ့ရမည့် ဉာဏ်စဉ် အကွေ့အကောက်များ၊ "သမထယာနိက" (ဈာန်လမ်းကြောင်း) နှင့် "သုဒ္ဓဝိပဿနာ" လမ်းကြောင်း ကွာခြားချက်များနှင့် လက်တွေ့ ရှုမှတ်နည်းများကိုပါ ပြည့်ပြည့်စုံစုံ ထည့်သွင်း မျှဝေထားပါသည်။

နိဗ္ဗာန်အကျိုးကို မျှော်ကိုး၍ တရားအားထုတ်နေကြသော သူတော်ကောင်းများအတွက် အလွန် တန်ဖိုးရှိသော ဓမ္မလက်ဆောင် တစ်ခု ဖြစ်ပါစေ။

ဓမ္မမိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။