DHAMMA LULINဓမ္မလုလင်
တရားစခန်း

အခြေခံတရားအားထုတ်နည်းမှသည် သောတာပန် ၊ သကဒါဂါမ် ၊ အနာဂါမ် ရဟန္တာထိ ပို့ဆောင်ပေးမည့် ယောဂီလက်စွဲ ကျမ်းပေါင်းချုပ်

July 16, 2026

အခြေခံတရားအားထုတ်နည်းမှသည် သောတာပန် ၊ သကဒါဂါမ် ၊ အနာဂါမ် ရဟန္တာထိ ပို့ဆောင်ပေးမည့် ယောဂီလက်စွဲ ကျမ်းပေါင်းချုပ် (ဓမ္မလုလင်ချန်နယ်မှ စုစည်းတင်ဆက်သည်)

ဤစုစည်းမှု တရားဗီဒီယိုများအား သာမန် ဗဟုသုသုတ ဗီဒီယိုတစ်ပုဒ်ကိုကြည့်ရှုသလိုမျိုး စိတ်အပမ်းဖြေတဲ့ပုံစံ သီချင်းတစ်ပုဒ်ကိုနားထောင်သလိုမျိုး ပေါ့ပေါ့ဆဆ မနာယူမိစေရန်အထူးအရေးကြီးသည်။

တရားကို အမှန်တကယ်လိုလိုလားလား အားထုတ်ချင်လိုသူတိုင်းအတွက် အမှန်တကယ် အထောက်အကူပြုပေးမည့် စွယ်စုံရ လက်စွဲကျမ်းကြီးသဖွယ်ဖြစ်မည်မှာ သေချာလှသည်။

ယောဂီများတရား အားထုတ်စဉ် ကြုံတွေ့ရမယ့် အခက်အခက်တွေကို ရင်ဆိုင်ဖြေရှင်းနည်းများ ကျန်းမာရေးအတွက် စားသောက်နေထိုင်မှုပုံစံကအစ နောက်ဆုံးသေမင်းနဲ့ သေခြင်းတရားတံခါးဝမှာ နင်လားငါလား ရင်ဆိုင်နေရမယ့်အခြေအနေမျိုးမှာပင် ထုတ်သုံးရမယ့် တရားနည်းစနစ်တွေကို အခြေခံမှအစ အဆင့်မြင့်ထိ လိုလေသေးမရှိအောင် အပတ်တကုတ် ကြိုးစားအားထုတ်ကာ တင်ဆက်ထားသည်။

ဤတရားများကို တင်ဆက်ဆက်ပေးနိုင်ဖို့ မိမိကိုယ်တိုင် နှစ်ပေါင်းများစွာ အားထုတ်ခဲ့ဖူးသူဖြစ်သလို ကိုယ်တိုင်တရားဓမ္မများဖြင့်နေ့စဉ်ပျော်မွေ့ ကျင့်သုံးနေသူဖြစ်တာကလည်းတစ်ကြောင်းမို့ လက်တွေ့ကျင့်စဉ်ပိုင်းဆိုင်ရာ တရားတော်များကို နက်ရှိုင်းစွာထိ ထွင်းဖောက်ကာ တင်ဆက်ထားနိုင်ခြင်းဖြစ်သည်။

ယုံကြည်သော သဒ္ဒါတရားဖြင့် တရားပေးသူကို အထင်မသေးဘဲ ယုံကြည်စွာလိုက်ပါအားထုတ်ဖြစ်ဖို့အလွန်အရေးကြီးပါသည်။ အသံသည် Ai အသံများကို အဓိကသုံး၍ တင်ဆက်ပေးသော်လည်း နောက်ကွယ်တွင် မိမိကိုယ်တိုင် အပတ်တကုတ်စီစဉ် အားထုတ်ပံ့ပိုးပေးထားသောကြောင့် ဓမ္မလုလင်၏ စစ်မှန်သော ကြိုးစားအားထုတ်မှုများသာဖြစ်သည်။

သည့်အတွက်ကြောင့် အသံကိုနှလုံးမသွင်းဘဲ တရားအနှစ်သာရကိုသာ အဓိက နှလုံးသွင်းစေလိုသည်။ ယောဂီများတရားရရေးသာအဓိကဖြစ်သည်။ အသံကိုနားမလည်လိုက်လျှင်လည်း စိတ်ပူစရာမရှိ စာတန်းထိုးကို မှန်ကန်တိကျအောင် သေချာကြိုးစားစီစဉ်ပေးထားသည်မို့ သည်မျှပြီးပြည့်စုံအောင် ကြိုးစားပေးထားလျက်ပါနှင့် အလိုမပြည့်သောဆန္ဒဖြစ်ရခြင်းသည် ယောဂီ၏ အားနည်းချက် (ကိလေသာ အလိုလောဘမပြည့်မှု)သာဖြစ်ကြောင်း သတိချပ်သင့်ပေသည်။

တစ်ခေါက်တည်း နာယူမှတ်သားရုံမျှဖြင့်မပြီးစီးနိုင်ပေ။ အကြိမ်ကြိမ်အခါခါ နာယူမှတ်သားလေ့လာပြီး စနစ်တကျလိုက်ပါကျင့်ကြံအားထုတ်မှသာ အဆီအနှစ်ကို ကိုယ်တိုင်မျက်မှောက်တွေ့နိုင်မည်ဖြစ်သည်။

မိမိကိုယ်တိုင် အပင်ပမ်းခံ အိပ်ရေးပျက်ခံ ကျန်းမာရေးအထိခိုက်ခိုက်ခံကာ ကြိုးစားစီစဉ် ပေးထားသမျှသည် ဓမ္မမိတ်ဆွေများ အနေဖြင့် အသေအချာလိုက်နာကျင့်ကြံအားထုတ်ပြီး တစ်ဦးတစ်ယောက် မဂ်ဖိုလ်နိဗ္ဗာန်ပန်းတိုင်သို့ လှမ်းတက်နိုင်ခဲ့မယ်ဆိုရင်တောင် အပင်ပမ်းခံကြိုးစားရကျိုးနပ်ပါပြီ။ တစ်ဦးတစ်ယောက်ထက်မက တရားအသိဉာဏ်များ မဂ်ဖိုလ်ပန်းများပွင့်လန်းဝေဆာခဲ့မည်ဆိုရင်တော့ အတိုင်းထက်လွန် ဆိုဖွယ်ရာပင်မရှိတော့ချေ။

သာသနာ့အကျိုးဆောင်
ဓမ္မလုလင်